i.STAR Education ၏ MATLAB Level 1,2, C++ Level 1, 2, Image Processing & Computer Vision စသည့် သင်တန်းများတွင်

Guided Mini-Project များကို ပြုလုပ်လျက် ရှိရာ သက်ဆိုင်ရာ data များကို အောက်ပါ Link များတွင် download ရယူနိုင်ပါသည်။

NRIC_Project nricDB (change to txt)
Subject C++ Level 2
 Description မြန်မာနိုင်ငံရှိ NRIC No များသည် DD/BaMaMa(N)000000 Format ဖြင့် ရှိပြီး ပထမ နံပါတ် ၂ ခုမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးပေါ်တွင် မူတည်ပါသည်။ ဥပမာ ရန်ကုန်တွင် မှတ်ပုံတင် ပြုလုပ်ခဲ့သူ ဖြစ်ပါက DD နေရာမှာ ၁၂ ဖြစ်ပါသည်။

သို့ ဖြစ်ရာ အထက်ပါ Data-set မှ ဒေတာများကို အသုံးပြု၍ မည်သည့်ဒေသမှ လာသော ကျောင်းသူကျောင်းသားများ ဖြစ်သည်ကို စိစစ်ရမည့် Project ဖြစ်ပါသည်။

Defects – Detection plates (change to mat)
Subject Computer Vision & Image Processing
 Description ပစ္စည်းရဲ့  အပေါ်တည့်တည့်မှ ရိုက်ယူထားသည့် အဖြူရောင် Chip ပြားများ၏ ပုံရိပ်များ ဖြစ်ပါတယ်။ ရည်ရွယ်ချက်မှာ အဖြူရောင် Chip ပြားများတွင် အက်ကွဲကြောင်း ငယ်များ ပါ- မပါ စစ်ဆေးပေးရန်ဖြစ်ပြီး ပယ်ရမည့် Chip ပြားများ၏ အရေအတွက် ကို တွက်ချက်ပေးရန် ဖြစ်ပါသည်။
Age Analysis Age Data-set (change to mat)
Subject MATLAB Level 1
Description iSTAR ကျောင်းသူ ကျောင်းသား ၅၀၀၀ ၏ အသက်ကို စုစည်းထားသည့် data-set ဖြစ်ပါသည်။ အသက်၂၀ အောက်၊ ၂၀ နှင့် ၃၀ ကြား၊ ၃၀ နှင့် ၄၀ ကြား ၊ ၄၀ နှင့် ၅၀ ကြားရှိသည့် ကျောင်းသူ ကျောင်းသား အရေအတွက်များကို Visualize လုပ်ပေးရမည် ဖြစ်ပါသည်။