Q: MATLAB ဆိုတာ ဘာလဲ။
 MATLAB is a high-performance language for technical computing. It integrates computation, visualization, and programming in an easy-to-use environment where problems and solutions are expressed in familiar mathematical notation.
 MATLAB က Programming Language တခု ဖြစ်ပါတယ်။ idea များကို အလွယ်တကူ ပုံဖော်နိုင်ခြင်း၊ ပရိုဂရမ်ရေးရာတွင် လွယ်ကူခြင်းတို့  ကြောင့် လူသုံးများလာတဲ့ Language တခုလဲ ဖြစ်ပါတယ်။

Q: Matlab နဲ့ Simulink က အတူတူပဲလား။
 အရိုးရှင်းဆုံးနဲ့  အလွယ်ကူဆုံး ဖြေရရင် Matlab က programming concept ကို ပိုသုံးရပြီး Simulink က တော့
Drag & Drop ကို အခြေခံတာမို့  MATLAB function ရေးရတာထက်စာရင် အနဲငယ်ပိုလွယ်ကူပါတယ်။
 အချိန်နှင့်အမျ ပြောင်းလဲနေသော Dynamic system များကို Model တည်ဆောက်ပြီး သူ့ ရဲ့  အလုပ်လုပ်ပုံကို လေ့လာဖို့  အတွက် Simulink ကို အသုံးပြုသင့်ပါတယ်။
 Simulink Model ကို တည်ဆောက်တဲ့အခါ Matlab function များကို ခေါ်သုံးခြင်း ၊ Matlab Common Space မှ Run ခြင်းတို့ ပါဝင်တဲ့အတွက် Matlab တတ်ပြီးမှ Simulink ကို လေ့လာမယ်ဆိုရင် ပို ပြီး ပြည့်စုံမှာ ဖြစ်ပါတယ်။

Q: Matlab or Simulink ကို စာဖတ်ပြီးလေ့လာလို့ ရပါသလား။
 အခုလို နည်းပညာကို လွယ်လွယ်ကူကူ ရနေတဲ့ ခေတ်ကြီးထဲမှာ ဘယ်ပညာရပ်ကို မဆို ကိုယ်တိုင် စာဖတ် လေ့လာ နိုင်ပါတယ်။ အင်တာနက်ပေါ်မှာ Mathworks website မှာ code တော်တော်များများကို တင်ပေးထားပါတယ်။ ကိုယ်တိုင် အစအဆုံး လေ့လာရတဲ့အခါ အနည်းငယ် အချိန် ပိုပေးရမှာ ဖြစ်ပြီး ဆရာက စနစ်တကျ သင်ကြားပေးတဲ့အခါ အနဲငယ် ပို မြန်သွားနိုင်တာဖြစ်ပါတယ်။

Q: MATLAB & Simulink ကို iSTAR မှာ ဘယ်လို သင်ပါသလဲ။
 Matlab နဲ့  Simulink ၂ ခုလုံး မှာ Level 1, Level 2 & Level 3 (Projects) ဆို ပြီး ၃ ပိုင်းခွဲ သင်ပေးပါတယ်။

 Matlab Level 1 မှာ Programming အခြေခံ သဘောတရားများဖြစ်တဲ့ MATLAB ရဲ့  Variable သတ်မှတ်ပုံက စပြီး Function ရေးတဲ့အထိ သင်ပါတယ်။ 2D, 3D များကိုလဲ သင်ကြားပေးပါတယ်။ အဓိက အားဖြင့် ကိုယ်ပိုင် Project တခုကို တွေးပြီး ရေးနိုင်တဲ့ အဆင့် ကို ဦးတည် သင်ကြားပါတယ်။

 Matlab Level 2 မှာတော့ Program တခုကို optimize ဖြစ်အောင် ရေးသားခြင်း၊ Matlab တွင် Graphic User Interface (GUI) အသုံးပြုခြင်းတို့ ပါဝင်ပါတယ်။ Final Project အဖြစ် Bus Route Optimization, FB user Profile Analysis စသည့် Project များကို ကိုယ်တိုင် ရေးသားရမှာ ဖြစ်ပါတယ်။

 Simulink Level 1 မှာ Model တခု စတင်တည်ဆောက်သည်မှ Equation တကြောင်းကို Model အဖြစ် တည်ဆောက်ခြင်းအထိ ကိုယ်ပိုင် ရေးသားရမည် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကားတစီး၏ ရွေ့ လျားမှုနှုန်း၊ အပူချိန် ကူးပြောင်းခြင်း စသည့် dynamic equation များကို ကိုယ်တိုင် တွေးခေါ် ရေးသားနိုင်ရန် Coach လုပ်ပြီး သင်ကြားပေးပါတယ်။

 Simulink Level 2 တွင် ကိုယ်တိုင် Project များကို တည်ဆောက် ရေးသားရမည်ဖြစ်ပြီး Electronics, Control & Communication စသည်ဖြင့် သက်ဆိုင်ရာ Model များကို ကိုယ်ပိုင် ရေးသားရပါတယ်။

 Matlab Level 1 & 2 or Simulink Level 1 & Level 2 အနဲဆုံး ပြီးထားသူများမှာ iSTARInstitute မှ မကြာမီ စတင်တော့မည့် Research Project များတွင် ပါဝင်ခွင့် ရရှိမည် ဖြစ်ပါသည်။