English 4 Skills & IELTS

Language is a Powerful Birdge

iSTAR ၏ အင်္ဂလိပ်စာသင်တန်းများမှာ အရေးစွမ်းရည်၊ နားထောင်မှု စွမ်းရည်၊ အပြောနှင့် စာဖတ်စွမ်းရည် တွေ ကို စနစ်တကျ တိုးတက်လာစေဖို့  အခြေခံမှ စတင် သင်ကြားပေးပါတယ်။ အင်္ဂလိပ်စာကို ဌာန်းကရိုဏ်း ကျကျ ပြောနိုင်စေရန် ၊ ဝေါဟာရများ ကြွယ်ဝလာစေရန်၊ နားထောင်မှု စွမ်းရည် မြင့်တက်လာစေရန် သီချင်းများ သီဆို ကြခြင်း၊ ဂိမ်းများ ကစားခြင်း၊ Role Play များဖြင့် အပြန်အလှန် စကားပြောစေခြင်းတို့  ပါဝင်သဖြင့် လက်တွေ့  လုပ်ငန်းခွင်များတွင် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိစေမှာ ဖြစ်ပါတယ်။ ထို့ အပြင် နိုင်ငံတကာ ဆက်ဆံရေးတွင် အရေးကြီးသော culture ကို နားလည်စေရန် နိုင်ငံတကာတွင် ရရှိခဲ့သော ဗဟုသုတများ အတွေ့  အကြုံများကို အခြေခံ သင်ကြားပေးမည် ဖြစ်ရာ  နိုင်ငံရပ်ခြားသို့  အလည်အပတ်သွားရောက်ရာတွင် လည်းကောင်း၊ နိုင်ငံခြားတွင် ပညာသင်ကြားရာတွင် လည်းကောင်း၊ မြန်မာနိုင်ငံရှိ နိုင်ငံခြား ကုမ္ပဏီများတွင် အလုပ်လုပ်လိုလျင် လည်းကောင်း၊ မိတ်ဖက် နိုင်ငံခြား ကုမ္ပဏီများနှင့် ပြောဆို ဆက်ဆံရာတွင် လည်းကောင်း အကျိုးကျေးဇူး ရရှိမည် ဖြစ်ပါသည်။

Our Levels

¶ Basic & Elementary (Level 1)               ¶ Pr-Intermediate (Level 2)

¶ Intermediate (Level 3)  

¶ IELTS Foundation 1


¶ Professional English Communication for Business (Level 4)

¶ Resume, Job Interview & Professional Email Writing (Level 4)

¶ IELTS Foundation 2


¶ IELTS Preparation

အောင်လက်မှတ်

Level တခုချင်းစီတွင် စာမေးပွဲ ၂ ကြိမ်စီ ဖြေဆိုရမည် ဖြစ်ပါသည်။ စာမေးပွဲတွင် ရရှိသည့် အမှတ်ကို မူတည်ပြီး လျင် အောင်လက်မှတ်တွင် A, B, C, D စသည်ဖြင့် Grade ကွဲ သွားပါမယ်။

Level တဆင့် အောင်မြင်ပြီးနောက် နောက်တဆင့် ဆက်လက်တက်ရောက်သူ မည်သူမဆို 10% scholarship ရရှိမည် ဖြစ်ပြီး Grade A ရရှိသည့်သင်တန်းသူ ၊ သင်တန်းးသားများ မှာ 20% scholarship ရရှိမည် ဖြစ်ပါသည်။

IELTS Foundation

Level 2 အောင် မြင်ပြီးသူ သင်တန်းသူ သင်တန်းသားများအနေဖြင့် Genernal English 4 Skills Level 3 ကို ဆက်လက်တက်ရောက်နိုင်သလို IELTS ဖြေဆိုရန် ရည်ရွယ်ထားသူများအနေဖြင့် IELTS Foundation Level 1 ကို ဆက်လက်တက်ရောက်နိုင်ပါတယ်။

IELTS Foundation 1 တွင် Academic English Writing, Reading နှင့် Listening, Speaking များကို အားစိုက် သင်ကြားပေးသွားမည်ဖြစ်ပြီး Grammar မပိုင်နိုင်သေးသူများကိုလည်း အခြေခံမှစ၍ အချိန်ပေး လေ့ကျင့်စေသွားမှာ ဖြစ်ပါတယ်။

IELTS Foundation 2 တွင် အရေး – ဝါကျ ဖွဲ့ တာ မှ အစ ပြုပြီး စကားလုံး ဝေါဟာရ များ ကြွယ်ဝလာစေရန်၊ အဖတ် စာဖတ် မြန်လာစေရန်.. ဝေါဟာရများ ကြွယ်ဝလာစေရန်. စကားလုံး တလုံးချင်းထက် စာ တပိုဒ် တပုဒ်လုံးကို . ခြုံငုံ နားလည်တတ်စေရန်၊ အ ပြော- အင်္ဂလိပ်လို ဖြေဆိုရာမှာ အပို အလို မရှိ သင့်တင့်တဲ့ အနေအထားကို ကျွမ်းကျင်စွာ ပြောနိုင်ရန်.. အဆင့်အတန်း နှင့် လိုက်လျောညီထွေသော ဝေါဟာရများ ရွေးချယ်တတ်စေရန်.. နားထောင်ခြင်းစွမ်းရည် တတ်လာစေရန်.. လက်တွေ့ ပတ်ဝန်းကျင်တွင် ပြောဆိုသည်များကို ရုပ်ရှင်များ.. စာမေးပွဲမေးခွန်းများ..radio အစီအစဉ်များ ဖြင့် လေ့ကျင့်ပေးခြင်း ဖြင့် ခြုံငုံ၍ နားထောင် တတ်စေရန်.. အေ ရးကြီး သည့် အချက်များကို ဦးစားပေး မှတ်သားတတ်စေရန် လေ့ကျင့် ပေး သွားမည် ဖြစ်ပါသည်။

သင်တန်းတွင် ဆရာ၊ဆရာမ၏ သင်ကြားမှုကို အတိအကျ လိုက်နာပြီး ကြိုးစားအားထုတ်ပါက Band 5 to 7 ရရှိနိုင်မည် ဖြစ်ပါသည်။

အထက်ပါ သင်တန်းကို တိုက်ရိုက်တက်ရောက်လိုပါက IELTS  Foundation Exam (Entrance) သို့   ဖြေဆိုပြီး တက်ရောက်နိုင်ပါတယ်. ..

ILETS Preparation

တိုက်ပွဲမ၀င်မီ ပြင်ဆင်သွားခြင်းက တိုက်ပွဲနိုင်ဖို့  တ၀က်သေချာတယ်ဆိုတဲ့ စကားလိုပါပဲ.. IELTS စာမေးပွဲ မေးခွန်း ပုံစံနှင့် ဖြေဆိုပုံ ဖြေဆိုနည်းများကို ရင်းနှီးကျွမ်းဝင်ခြင်းကလဲ စာမေးပွဲမှာ Band ကောင်းကောင်း ရရှိရန် အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ အချိန်တို အတွင်းမှာ စာမေးပွဲ မေးခွန်းပေါင်းများစွာကို ဆရာနဲ့ အတူ ဖြေဆိုရင်း လိုချင်တဲ့ အမှတ်ရရှိဖို့  လေ့ကျင့် သင်ကြားပေးသည့် သင်တန်းတခု ဖြစ်ပါတယ်။ သင်တန်းသူ၊ သင်တန်းသား ၅ ဦးသာ လက်ခံပြီး တဦးချင်းကို လိုချင်သည့် အမှတ်ရအောင် ဂရုတစိုက် သင်ကြားပေးတာ ဖြစ်လို့  အချိန်တို အတွင်း ၄ မှ ၆.၅ အထိ ၅ မှ ၇ အထိ တိုးတက်လာသူ သင်တန်းသူ သင်တန်းသားများစွာကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

အထက်ပါ သင်တန်းကို တိုက်ရိုက်တက်ရောက်လိုပါက IELTS Exam (Pre) ဖြေဆိုပြီး တက်ရောက်နိုင်ပါတယ်။

Professional English Communication

Level 3 အောင် မြ င်ပြီးသူ အလုပ်ခွင်တွင် Presentation လုပ်ရသူများ.. Workshop များကို စီစဉ်ကြီးကြပ်ရ သူများ၊ လူအများရှေ့ တွင် စကားပြောရန် လိုအပ်သူများ အနေဖြင့် Professional English Communication ကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။ Professional English Communication သင်တန်းတွင် Negotiation skill, public Speaking skill များကိုလဲ ပူးတွဲ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

PEC သင်တန်းကို တိုက်ရိုက်တက်ရောက်လိုပါက ၀င်ခွင့် အင်တာဗျူး ဖြေဆိုပြီး အောင်မြင်ပါက တိုက်ရိုက် တက်ရောက်နိုင်ပါတယ်။

Resume, Job Interview & Professional Email & Report Writing

Level 3 အောင် မြ င်ပြီးပါက အင်တာနက် ၊ အီးမေးလ်မှတဆင့် အလုပ်ရှာဖွေလိုသူများ.. အလုပ်ခွင်တွင် အီးမေးလ်များဖြင့် အပြန်အလှန် ဆက်သွယ် လုပ်ကိုင်ရသူများ၊ Daily, Monthly Report များ ရေးရသူများအတွက် အထူး သင့်တော်ပါတယ်။

အထက်ပါသင်တန်းကို တိုက်ရိုက်တက်ရောက်လိုပါက ၀င်ခွင့် (ရေးဖြေ) ဖြေဆိုပြီး အောင်မြင်ပါက တိုက်ရိုက် တက်ရောက်နိုင်ပါတယ်။

Leave a Reply