MATLAB & Simulink

MATLAB For Research Engineers

MATLAB ဆိုသည်မှာ အ ကြီးစား calculator တလုံး ဟု တင်စားနိုင်သည့် programming syntax လွယ်ကူ ရိုးရှင်းသော programming language တခု ဖြစ်ပါသည်။
မိမိ၏ စိတ်ကူး ကောင်းများကို အလွယ်တကူ ပုံ ဖော်နိုင်စေရန် လိုအပ်သည့် Research & Development တွင် အများဆုံး အသုံး ပြုပြီး Master , PhD ကျောင်းသားများ သိထားသင့်သည့် ဘာသာရပ် တခု ဖြစ်ပါတယ်။
R & D ကို စိတ်ဝင်စား ပြီး မိမိ ၏ research ကို မိမိကိုယ်တိုင် ပိုင်ပိုင် နိုင်နိုင် ရေးလိုပါက iSTAR ၏ MATLAB သင်တန်းများကို လာရောက် ဖို့ ဖိတ် ခေါ်ပါတယ်။

1) MATLAB (Basic : Level 1)
MATLAB Environment ကို အသုံးပြုနိုင်စေရန် အခြေခံမှ စတင် သင်ကြားပေးပြီး 2D များ ရေးဆွဲခြင်း၊ looping , condition စသည့် programming concept များကို အသုံး ပြု၍ ပရိုဂရမ် တခုကို ကိုယ်တိုင် တွေးခေါ်ပြီး ရေးနိုင်စေရန် အဓိက ရည်ရွယ် သင်ကြားပါသည်။

2)MATLAB (Level 2)

MATLAB Level 2 တွင်  3D graphics, Animation, GUI တည်ဆောက်ခြင်းတို့  အပြင် OOP (object oreiented programming concept)များကိုပါ သင်ကြားပေးသည် ဖြစ်ပါသည်။ လက်တွေ့  လုပ်ငန်းခွင် သုံး Project တခုကို ကိုယ်ပိုင် တွေး ခေါ်နိုင်ပြီး ရေးကြားနိုင်သည် အထိ သင်ကြားပေးမည် ဖြစ်သည်။

3) MATLAB Simulink (Level 1)
MATLAB ၏ မိတ်ဖက် ဘာသာရပ်တခု ဖြစ်သည့် SIMULINK ကို သင် ကြားပေး ခြင်း ဖြစ်ပြီး Model တည်ဆောက်ပုံကို ကိုယ်တိုင် နားလည်စေရန် နှင့် ရေးသားနိုင်ရန် ဖြစ်ပါသည်။ SIMULINK ၏ အခြေခံ built-in blocks များကို အသုံးပြု၍ ပေးထားသည့် equation တခုကို model အဖြစ် တည်ဆောက်ပြီး ရရှိလာသည့် result များကို ခွဲခြမ်းစိတ်ဖြာခြင်းတို့ ပါဝင်သည်။

 

4) MATLAB Simulink (Level 2)
SIMULINK နှင့် အခြား Language များ interface (mex functions) ကို အသုံး ပြု ခြင်း.. ကိုယ်ပိုင် ရေးသားထားသည့် function များ နှင့် built-in block များကို ချိတ်ဆက် အသုံး ပြု ၍ Control, DSP, DIP Mini project များ ရေးသား ခြင်းတို့ ပါဝင်ပါသည်။

Dynamic System များစွာ ကို ကိုယ်ပိုင် Equation ထုတ်သည် မှ အစပြု၍ Result analyze လုပ်သည် အထိ အဆင့်ဆင့် ပြုလုပ်ရမည်ဖြစ်ပါသည်။