IELTS

IELTS ဆိုတာ.. ဘာလဲ

၁) IELTS ဆိုတာ.. ဘာလဲ
မြန်မာနိုင်ငံမှာ IELTS ဆိုတဲ့ စကားလုံးကို အများစု ရင်းနှီး ကြပါတယ်။ စကော်လာ လျောက်ဖို့ လိုချင်တဲ့ ကျောင်းရဖို့ ဒီ အမှတ်ကို တောင်း ကြတာကို.. များသောအားဖြင့် ၆ မှတ် ၆ မှတ်ခွဲ ရရမယ်လို့ လျောက်လွာတွေမှာ ရေးထားတတ် ကြပါတယ်။
IELTS ဆိုတာ တကယ်တော့ အင်္ဂလိပ်စာ အ ရေး၊ အဖတ် အပြောနဲ့ နားထောင် မှုစွမ်းရည် ဆိုတဲ့ စွမ်းရည် ၄ မျိုးကို အတတ်နိုင်ဆုံး မျတအောင်စစ် ဆေး ပေးတဲ့ နိုင်ငံ တကာ အသိအမှတ် ပြု စာမေးပွဲ တခု ဖြစ်ပါတယ်။

၂) ဘယ်မှာ ဖြေရမလဲ
စာမေးပွဲ ဖြေခွင့် အတွက် US dollar 200 လောက် သွင်းရပြီး ဖြေဆိုလို့ ရတဲ့နေရာပေါင်း ၁၄၀၀ ကျော် ရှိပါတယ်။ မြန်မာပြည် မှာ ဆိုရင် တော့ ရန်ကုန် နဲ့ မန်းတလေး British council မှာပဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ကိုယ် ဖြေလိုတဲ့ရက်ကို ကြိုတင် စာရင်း ပေးသွင်းထားဖို့  လိုအပ်မှာ ဖြစ်ပါတယ်။ Reading, Writing , Listening အတွက် ၃ နာရီ တောက်လျောက် ဖြေရမယ် ဖြစ်ပီး speaking ကိုတော့ တ ယောက်ချင်း သီးသန့် ဖြေဆိုရပါမယ်။

၃) ဘာတွေ ဖြေရမှာလဲ
IELTS မှာ Academic & General ဆို ပြီး ၂ မျိုး ရှိတဲ့ အနက် ကျောင်းတက်ဖို့ .. စကော်လာရဖို့ အများစု ဖြေရမှာက Academic Module ဖြစ်ပါတယ်။

၎) သင်တန်းက ဘာ သင်ပေးမှာလဲ
IELTS က စာမေးပွဲ တခု ဖြစ်တဲ့ အတွက် စာမေးပွဲ တွေရဲ့ ထုံးစံအတိုင်း – စာ ကို သိဖို့ နဲ့ စာမေးပွဲ ဖြေတတ်ဖို့ ဆိုတဲ့ ၂ ပိုင်း ရှိပါတယ်။ အင်္ဂလိပ်စာ အ ခြေခံ နဲပါးသေးတဲ့ လူအတွက်.. စာမေးပွဲ ဖြေတတ်ရုံနဲ့ အမှတ် ကောင်း မရနိုင်သလို အင်္ဂလိပ်စာ အ ခြေခံ ရှိပေမဲ့ စာမေးပွဲ အတွက် မ ပြင်ဆင်ရင် လိုချင်တဲ့ အမှတ်မရနိုင်ပါဘူး။

၅) IELTS Preparation Course
တလခွဲ သင်တန်းဖြစ်ပြီး ဒီသင်တ န်းမှာ စာမေးပွဲ ဖြေဆိုပုံ ဖြေဆိုနည်းကို အဓိကထား သင်ပေးပါတယ်။ မေးခွန်းတွေ အများ ကြီး လေ့ကျင့်ရပြီး ဆရာနဲ့ အပြန် အလှန် ပြောဆို လေ့ကျင့်ရပါတယ်။ စာ အုပ်တွေ.. အင်တာနက်ကမေးခွန်း တွေ.. လေ့ကျင့်ခန်း အများ ကြီး ပြုလုပ်ရပါတယ်။

iSTAR မှာ IELTS preparation course ကို တက်ရောက် ပြီးနောက် 6.5 ရတဲ့ ကျောင်းသူ ကျောင်းသားတွေ ရှိသလို 7 ရထားတဲ့ ကျောင်းသား ကျောင်းသူ တွေလဲ ရှိပါတယ်။ တလခွဲ သင်တန်းကို မတတ်ခင် သူတို့ ဝင်ဝင်ချင်း စစ် တဲ့ အချိန်မှာ 3.5 သို့ 4 ပတ်ဝန်းကျင် ရခဲ့ သူများ ဖြစ်ပါတယ်။ တလခွဲ အတွင်း အဆင့် ၃ ဆင့် နီးပါး ခုန်တတ် သွားခဲ့တာ ဖြစ်ပါတယ်။ စစ ဝင်ချင်း ဝင်ခွင့် စာမေးပွဲမှာ ၂ သို့ ၂ ထက် လျော့ရတဲ့ ကလေးတွေကတော့ ၅.၅ ဝန်းကျင်ပဲ ရတာကို တွေ့ရပါတယ်။

** အင်္ဂလိပ်စာ အ ခြေခံ အားနည်းနေ သေးတဲ့ ကလေးတွေရဲ့ တောင်းဆို ချက်အရ ဒီလ ၂၁ ရကိမှာ iSTAR ရဲ့ ပထမဆုံး IELTS Foundation Level 1 ကို စသင်ပါမယ်။

၆) IELTS Foundation
အင်္ဂလိပ်စာ Basic, PreIntermediate လောက်တတ်ထား ဖူးသူများ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
အရေး – ဝါကျ ဖွဲ့ တာ မှ အစ ပြုပြီး စကားလုံး ဝေါဟာရ များ ကြွယ်ဝလာစေရန်
အဖတ် – စာဖတ် မြန်လာစေရန်.. ဝေါဟာရများ ကြွယ်ဝလာစေရန်. စကားလုံး တလုံးချင်းထက် စာ တပိုဒ် တပုဒ်လုံးကို . ခြုံငုံ နားလည်တတ်စေရန်
အ ပြော- အင်္ဂလိပ်လို ဖြေဆိုရာမှာ အပို အလို မရှိ သင့်တင့်တဲ့ အနေအထားကို ကျွမ်းကျင်စွာ ပြောနိုင်ရန်.. အဆင့်အတန်း နှင့် လိုက်လျောညီထွေသော ဝေါဟာရများ ရွေးချယ်တတ်စေရန်..
နားထောင်ခြင်းစွမ်းရည် တတ်လာစေရန်.. လက်တွေ့ ပတ်ဝန်းကျင်တွင် ပြောဆိုသည်များကို ရုပ်ရှင်များ.. စာမေးပွဲမေးခွန်းများ..radio အစီအစဉ်များ ဖြင့် လေ့ကျင့်ပေးခြင်း ဖြင့် ခြုံငုံ၍ နားထောင် တတ်စေရန်.. အေ ရးကြီး သည့် အချက်များကို ဦးစားပေး မှတ်သားတတ်စေရန် လေ့ကျင့် ပေး သွားမည် ဖြစ်ပါသည်။